Friday, July 25, 2008

အရေးပေါ် အသုံးဝင်မယ့် Tools များ

တစ်ခါတလေ virus ကြောင့် Task Manager ပိတ်ခံရတာ။ Regedit ပိတ်ခံရတာတွေ ကြုံဖူးမှာပါ။ အဲဒါတွေကို အလွယ်တကူ ဖြေရှင်းနိုင်မယ့် Tools လေးတွေ အများကြီးတွေထဲကမှ လက်ရှိ ကျွန်တော်သုံးနေတဲ့ Software နှစ်ကို ဖော်ပြလိုက်ပါတယ်။

တစ်ခုက i-Repairman ပါတယ်။ အသုံးဝင်လွန်းလို့ အမြဲဆောင်ထားသင့်တယ်လို့တောင် ဆိုချင်ပါ။ ရိုးရှင်းတဲ့ Interface နဲ့ဆိုတော့ သုံးပုံသုံးနည်းကို ရှင်းပြစရာလိုမယ်မထင်တော့ပါဘူး။

ဒီမှာ download

နောက်တစ်ခု RRT ပါ။ သူက i-Repairman နဲ့ ကျော်လို့မရတာတွေကို ကျော်နိုင်ပါတယ်။ တစ်ခါတလေ i-Repairman က Task Manager မဖွင့်နိုင်ပါဘူး။ အဲဒါကလည်း virus အမျိုးအစားပေါ်မူတည်ပါတယ်။ အသုံးဝင်လို့ ကျွန်တော်ကတော့ နှစ်မျိုးစလုံး ဆောင်ထားတယ်။

ဒီမှာ download

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Friday, July 11, 2008

CW Shredder အကြောင်း

CW Shredder ကိုသုံးပြီးတော့ cool web search Trojan တစ်ကောင်ကိုရှာဖွေဖေါ်ထုတ်ရှင်းနိုင် ပါတယ်....ကျနော့် စက်မှာ kaspersky Anti-virus နှင့်  Spybot sd ကိုလဲတင်ထားတယ်....ဒါပေမဲ့ Cool Web Search Trojan ကိုတော့ CW Shredder နှင့် မှမိပါတယ်ခင်ဗျား...ဒီတော့ ကို့ စက်ထဲမှာcool web search Trojan ရှိမရှိကိုCW Shredder သုံးပြီးတော့ စစ်ကြည့် သင့် ပါတယ်။

ဆော့ဝဲလ် site က 520 KB ပဲရှိပြီးတော့ Portable ဖြစ်ပါတယ်။ ဒီမှာ download နိုင်ပါတယ်။

August 2004 မှာ ထုတ်ဝေခဲ့တဲ့ PC Magazine မှာတော့ CW Shredder နဲ့ပါတ်သတ်ပြီး အောက်ပါအတိုင်းဖော်ပြထားပါတယ်

"CoolWebSearch encompasses a wide family of browser hijacker spyware programs. This spyware is frequently updated, to avoid anti-spyware software from removing it. CWShredder is widely regarded as the only solution to effectively remove CoolWebSearch spyware. "

CoolWebSearch ဆိုတဲ့ စပိုင်ဝဲဟာ Anti-spyware တွေရဲ့ရှင်းလင်းခြင်း ကိုရှောင်ရှားနိုင်ဖို့ ခဏခဏအပ်ဒိတ် လုပ်လေ့ရှိပါသတဲ့..... CWShredder ကတော့ CoolWebSearch spyware ကိုရှာဖွေရှင်းလင်းနိုင်တဲ့ တစ်ခုတည်း သောနည်းလမ်းပါပဲလို့....အသိအမှတ်ပြုထားကြပါသတဲ့....

CW Shredder ဆော့ဖ်ဝဲက CoolWebSearch Trojan အမျိုးအစားများကို ရှာဖွေရှင်းလင်းပေး နိုင်ပါတယ်။CoolWebSearch ဆိုတာကတော့ အမျိုးမျိုးသော browser hijackers များကို ခေါ်တာပါ။ IE ရဲ့ ဟာကွက်များကို အသုံးချပြီး ခိုအောင်းနေတတ်တဲ့ Trojan များဖြစ်ပါတယ်။ အင်တာနက်ကိုဖွင့်လိုက်တာနဲ့ Address bar မှာ ဘယ်လိပ်စာကိုပဲရိုက်ရိုက် အချိန်တန်လို့ရှိရင် Coolwebsearch.com ဆီကို ရောက်သွားတော့တာပါပဲ Home Page ကိုလည်း ကိုယ်ထားချင်တာထားလို့မရဘူး....... Coolwebsearch မှ Coolwebsearch ပါပဲ Coading အမျိုးအစားကိုလိုက်ပြီး Coolwebsearch မဟုတ်ပဲ အခြား Website တွေဆီကိုလည်း ပြောင်းလဲရောက်သွားစေတတ်ပါတယ်။

ဒီထရိုဂျန်များဟာ Favorite Links ထဲမှာ လင့်ခ်ပေါင်းသောင်းခြောက်ထောင်ကိုလည်း ပေါင်းထည့် ပေးပါတယ်.....ဒီထရိုဂျန်ရှိနေပြီဆိုရင် ကွန်ပျူတာက သိသိသာသာနှေးလာပါတယ်။ System file အချို့ကို သူ့စိတ်ကြိုက်ပြင်ပစ်လိုက်တော့ ကွန်ပျူတာက ခဏခဏ Crash ဖြစ်လာတတ်ပါတယ်။ နောက်ဆုံး Reboot အကြိမ်ကြိမ်ဖြစ်ပြီး.....လမ်းဆုံးတော့တာပါပဲ...ကဲ...ဘယ်လောက်ကောင်းလိုက်လဲ.....Window အသစ်စက်စက်လေးသုံးချင်တယ်ဆိုရင်တော့.....CoolWebSearch Trojan လေးကိုသာမွေးထား လိုက်ကြပါတော့....... မကြာခင်မှာ ဖောမတ်ချပြီး ၀င်းဒိုးအသစ်တင်ရမှာသေချာပါတယ်.....
post from http://www.naunggyi.blogspot.com

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Gtalk ကနေ ဖုန်း အလကား ခေါ်လို့ရပါပြီ

ဂျီတော့ကနေ နိုင်ငံ ၃၀ လောက်ကို ဖုန်း အလကား ခေါ်လို့ရပါပြီ။ အသေးစိတ်ကို ပီဒီအက်ဖ်နဲ့ ဒီမှာ ဖတ်နိုင်ပါတယ်ခင်ဗျာ။
Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။
ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54 Australia AU +61 Austria AT +43 Belgium BE +32 Canada CA +1 Chile CL +56 China CN +86 Czech Republic CZ +420 Denmark DK +45 El Salvador SV +503 Finland FI +358 France FR +33 Germany DE +49 Hong Kong HK +852 Hungary HU +36 Ireland IE +353 Israel IL +972 Italy IT +39 Latvia LV +371 Lithuania LT +370 Luxembourg LU +352 Mexico MX +52 Netherlands NL +31 Norway NO +47 Peru PE +51 Poland PL +48 Romania RO +40 Slovakia SK +421 Slovenia SI +386 Spain ES +34 Sweden SE +46 Switzerland CH +41 United Kingdom GB +44 United States US +1

အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
1) Google Talk ကိုဖွင့်ပါ။
2) ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
3) အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။
phonenumber@talkster.gtalk2voip.com
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
4) Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။
တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။
5) တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။


Make calls from your Google Talk
1) Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
2) Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
3) Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
4) တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
5) သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
6) သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
7) ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
8) တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။
no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။

Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။


အဆင်ပြေကြပါစေ...
post from www.myanmarfamily.org

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Serial Key တွေကို အလွယ်တကူ ရှာဖွေနိုင်မယ့် နည်းလေးပါ

Google ကြီးကို ပဲအားကိုးရတာပေါ့ဗျာ...
Google ကြီးထဲမှာ "Product Name" 94FBR လို့ရိုက်ထည့်ပြီးရှာရုံပါပဲ...
Product Name နေရာမျာ ကိုယ်ရှာချင်တဲ့ Software နာမည်ထည့်ပြီးရှာနိုင်ပါတယ်...

အဆင်ပြေကြပါစေ...

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Sunday, July 6, 2008

BIOS Beep Codes

ကွန်ပျူတာတစ်လုံးမှာ Hardware error ဖြစ်တဲ့အခါ အတွင်းထဲက speaker လေးကအသံပေးပါတယ်။ အဲဒီအသံလေးတွေနားထောင် ဖြစ်နိုင်အရှိဆုံးတွေကို အဖြေရှာရာမှာ အောက်ကဇယားလေးက တော်တော်လေးအသုံးဝင်တာကို တွေ့ရာပါတယ်။ Service လုပ်တဲ့သူတွေဆောင်ထားသင့်ပါတယ်။
ဒီမှာ download လိုက်နော်....


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, July 5, 2008

Online Bookmarking

တော်တော်များများ တွေ့ဖူးတယ်။ Website ကောင်းကောင်းလေးတွေ တွေ့ရင် စာအုပ်ထဲမှာ၊ စာရွက်ထဲမှာ ရေးမှတ်တဲ့သူတွေကိုပါ။ တကယ်တမ်းတော့ အဲဒီလို မှတ်စရာမလိုပါဘူး။ စာအုပ်ထဲမှတ်တယ်ဆိုတာက သွားလေရာ အဲဒီစာအုပ်ကြီး သယ်သွားရမှာလေ။ စာရွက်ထဲမှတ်တယ်ဆို ပိုဆိုးတာပေါ့။ ပျောက်လွယ်ရှလွယ် ဖြစ်နိုင်တယ်။
အဲဒီတော့ ဘယ်လိုမှတ်ရမလဲ။ လွယ်ပါတယ်။ အင်တာနက်ထဲမှာ ကိုယ် မှတ်ချင်တဲ့ Website လိပ်စာတွေကို မှတ်ပေးတဲ့ Website တွေ ရှိပါတယ်။ အဲဒီလို Website လိပ်စာတွေမှတ်တာကို Bookmarking လို့ခေါ်ပါတယ်။ Online ပေါ်မှာပဲ မှတ်တဲ့အတွက် Online Bookmarking လို့ခေါ်ကြပါတယ်။
Browser(IE, Firefox) တွေမှာ Bookmark လုပ်ပေးနိုင်တဲ့ Function တွေပါပြီးသားပါ။ IE သုံးတာဖြစ်စေ၊ Firefox သုံးတာဖြစ်စေ Website ကောင်းကောင်းလေးတွေ့လို့ မှတ်ချင်ရင် Keyboard ကနေ Ctrl+D နှိပ်လိုက်ရုံပါပဲ။ အဲဒီအခါမှာ Box လေးတစ်ခု တက်လာပါတယ်။ IE မှာဆိုရင် Add ကိုနှိပ်လိုက်ပါ။ Firefox ဆိုရင်တော့ OK နှိပ်လိုက်ရင် ရပါပြီ။ နောက်ပိုင်းမှာ ကိုယ်မှတ်ထားတဲ့လိပ်စာတွေကို ပြန်ကြည့်ချင်ရင်တော့ Firefox မှာဆိုရင် Menu bar က Bookmarks ကို နှိပ်လိုက်ပါ။ အဲဒီအခါ ကိုယ်မှတ်ထားတဲ့ Site လိပ်စာလေးတွေ တွေ့ပါလိ့မ်မယ်။ IE ဆိုရင်တော့ menu bar က Favorites ထဲမှာရှိပါတယ်။
ဒါပေမဲ့ အဲဒီနည်းတွေက အင်တာနက်ကို အိမ်မှာသုံးတဲ့သူတွေအတွက်ပဲ အဆင်ပြေမှာပါ။ ကဖီးတွေမှာ သုံးတဲ့သူဆိုရင်တော့ ဒီနည်းတွေက Browser ထဲမှာပဲ မှတ်တာဖြစ်တဲ့အတွက် တခြားစက်တွေကိုင်ရင် ကြည့်ရမှာမဟုတ်တော့ဘူးလေ။ ဒါကြောင့် အင်တာနက်ချိတ်ထားတဲ့ ဘယ်ကွန်ပျူတာကိုပဲသုံးသုံး ကိုယ့်ရဲ့ Bookmark တွေကို access လုပ်လို့ရတဲ့ Online Bookmarking Website တွေ ခေတ်စားလာတာပေါ့။
အဲဒီလို Online Bookmark Site တွေထဲမှာ နာမည်အကြီးဆုံးကတော့ del.icio.us ပါ။ address bar မှာ del.icio.us လို့ ရိုက်ရင်ရပါပြီ။ သူကတော့ ကိုယ်ပိုင် bookmark တွေလည်း မှတ်လို့ရတယ်။ သူများမှတ်ထားတာတွေလည်း ရှာလို့ရတယ်။ Register လုပ်ဖို့တော့ လိုတာပေါ့။
Google ကြီးမှာလည်း bookmark လုပ်လို့ရပါတယ်။ address bar မှာ www.google.com/bookmarks လို့ ရိုက်ထည့်လိုက်ပါ။ Gmail username နဲ့ password ရိုက်ထည့်ပါ။ ပြီးရင် Sign in ဆိုတဲ့ button ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Google Account ကို Sign in လုပ်ပြီးသွားပါပြီ။ Google Bookmarks ဆိုတဲ့ page လေးလည်း ကျလာပါလိမ့်မယ်။ အဲဒီ page ပေါ်မှာ Google Bookmark ဆိုတဲ့ မီးခိုးရောင် ခလုတ်လေးတစ်ခုရှိပါတယ်။ ကိုယ်မှတ်ချင်တဲ့ website ကို tab အသစ်တစ်ခုတောင်းပြီး(Ctrl+T) ဖွင့်လိုက်ပါ။ (Firefox ကိုသုံးပါ) ပြီးရင် အဲဒီ မီးခိုးရောင်ခလုတ်ကလေးကို ကိုယ်မှတ်ချင်တဲ့ Website ဖွင့်ထားတဲ့ tab ပေါ်မှာ သွားတင်လိုက်ပါ။ ဒါဆိုရင် မှတ်လို့ပြီးသွားပါပြီ။ နောက်တစ်ခါ Google Bookmark ကို ဖွင့်တိုင်း ဖွင့်တိုင်း ကိုယ်မှတ်ထားတဲ့ Website လိပ်စာလေးတွေ ပေါ်နေပါလိမ့်မယ်။

post from itmen.blogspot.com

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

" Invalid Boot.ini " Error

Computer ပွင့်တာနဲ့ "Invalil Boot.inifile.Bootingfrom C:\Windows\" ဆိုတဲ့ Error မျိုးပြ နေလား။ မပူပါနဲ့ ဒါဖတ် ပြီးရင် ကောင်းသွား ပြီလို့ မှတ်။ Start > Run ထဲမှာ msconfig လို့ရိုက်လိုက် system Configuration Utility မြင်ကွင်း ပေါ်လာရင် BOOT.INI (tab) ကိုပြောင်း လိုက်ပါ။ အဲဒီမှာ လက်ရှိ boot.ini ဖိုင် ကိုပြထား ပါတယ်။ ၄င်းဖိုင်ရဲ့ ရေးသား ထားခြင်းမှာ-

[boot loader]
timeout=30
default=multi(0)disk(0)rdisk(0)
partition(1)\WINDOWS
[operating systems]
multi(0)disk(0)rdisk(0)partition(0)
WINDOWS="Microsoft Windows XP" /fast detect

လို့တွေ့ ပါလိမ့်မယ်။ ဒါမှမဟုတ် အလားတူရေး ထားပါမယ်။ ၄င်း boot ဖိုင် ပျောက်နေသည်၊ ပျက်နေသည် ထင်ရင် ထပ်မံ တည်ဆောက် နိုင်ပါတယ်။ My Computer ကို right click လုပ်ပြီး properties ကိုရွေးချယ်ပါ။ Advanced (tab) ကိုပြောင်းပြီး Start-up and Recovery အောက်မှ Settings ကိုဖွင့်ပါ။ ၄င်းမြင်ကွင်း၏ အောက်မှ Setting ကိုဖွင့်ပါ။ System start up အောက်မှ Edit ခလုတ်ကို နှိပ်လိုက်ပါ။ Notepad မှာ ရေးထားတဲ့ boot.ini ပွင့်လာ ပါမည်။ ၄င်းကို ပြင်ရေးပြီး Save လုပ်လိုက်ပါ။ ပြင်ဆင်ပုံ သိခြင် ရင်တော့ http://www.support.microsoft.com/kb/289022 ကိုဝင် ပြီးလေ့လာ၊ ဒါမှ မဟုတ် Copy ကူပြီး past လုပ်လိုက်ပါ။ ပြီးရင်တော့ msconfig ရိုက်ထဲ့ ပြီးစစ် ကြည့်လိုက်ပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Shut Down Speed ကိုမြန်စေမယ့်နည်း

ကွန်ပျူတာ Shut Down speed ကို မြန်စေမယ်နည်းလမ်းတွေ့ထားပါတယ် Start>Run ကို နှိပ်ပါ.... Regedit ဟုရိုက်ထည့်ပြီး ၎င်းမှတစ်ဆင့်

HKEY_CURRENT_USER\Control Panel\Desktop ထဲက WaitToKillAppTimeout ကို နှစ်ချက်နှိပ်ပြီး Value ကို 1000 ဟုတ်ရိုက်ထည့်ပါ။ နောက်ပြီး HungAppTimeOut ကိုလည်း 1000 ။
HKEY_LOCAL_MACHINE\SYSTEM\controlset001\Control ထဲက WaitToKillService
Value ကို 1000 ဟုတ်ရိုက်ထည့်ပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဆော့ဝဲမပါဘဲ Folder ကို လော့ချမယ်

Folder လေးတစ်ခုကို မိမိနှစ်သက်အမည်နဲ့ ဆောက်လိုက်ပါ။

  1. အဲဒီ Folder ထဲမှာ TXT ဖိုင်လေးပြုလုပ်ပြီး ကုဒ်လေးတွေထည့်လိုက်ပါ။(အောက်မှာပေးထားပါတယ်

cls
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Enter password to unlock folder
set/p "pass=>"
if NOT %pass%== password here goto FAIL
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End


  1. ကော်ပီကူပြီးထည့်လိုက်တဲ့ ကုဒ်များထဲမှ ၂၃ ကြောင်းမြောက်မှာရှိတဲ့ password here ဆိုတဲ့နေရာလေးမှာ မိမိထည့်ချင်သော စကားဝှက်ကို ထည့်လိုက်ပါ..

  2. စကားဝှက်ထည့်ပြီးနောက် အဲဒီဖိုင်လေးကို Save as ကနေ locker.bat အမည်နဲ့ save လိုက်ပါ..
  3. ပြီးပါက Folder လေးထဲကို ပြန်ကြည့်လိုက်ပါ LOCKER ဆိုတဲ့ ဖိုင်လေးကို တွေ့ရပါလိမ့်မယ်...
  4. LOCKER ဆိုတဲ့ဖိုင်လေးကို ၂ချက်ကလစ်ပြီးဖွင့်လိုက်ပါ Private ဆိုတဲ့ Folder လေးကို တွေ့ရပါလိမ့်မယ်...
  5. ကဲ ကိုယ်ထည့်ချင်တဲ့ ဖိုင်များကို Private ဆိုတဲ့ Folder လေးထဲမှာ ထည့်လိုက်ပါ။ ပြီးရင် LOCKER ဆိုတဲ့ ဖိုင်လေးကို ကလစ်လိုက်ပါ Folder ကို လော့ချမှာလား၊ လော့မချဘူးလားဆိုတာတောင်းပါလိမ့်မယ်..
  6. လော့ချမယ်ဆိုရင် Y လို့ ရိုက်လိုက်ပြီး Enter နှိပ်လိုက်ပါ..

  7. သင်က လော့ချထားတဲ့ Folder ကို ပြန်ပြီး မြင်ချင်တယ်ဆိုပါက LOCKER ဆိုတဲ့ ဖိုင်လေးကို ပြန်ကလစ်ပြီး အပေါ်မှာ ပေးထားခဲ့တဲ့ စကားဝှက်ကိုထည့်လိုက်ပါ.. Folder လေးပြန်ပေါ်လာပါလိမ့်မယ်...

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Tuesday, July 1, 2008

Template ပြုပြင်ချင်လို့ပါ

ကျွန်တော် ဒီ Template ကိုသိပ်မကြိုက်လို့ ပြင်ဖို့တွက်ကြိုးစားနေပါတယ်။
Template ပြင်ပြီးရင် post တွေဆက်တင်သွားမှာပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....