Saturday, September 20, 2008

Explorcr ဆိုတဲ့ Virus သတ်နည်း

Step 1
ပထမဆုံး Autoruns.exe ဆိုတာလေးကို Download ဆွဲချပါ။ ပြီးရင် .zip File ကိုဖြေပြီး C:WINDOWS အောက်ကိုပို့လိုက်ပါ။ ပြီးရင် Window+R နှိပ်လိုက်ရင် Box ပေါ်လာမယ်။ အဲဒီ Box ထဲမှာ autoruns လို့ရိုက်ထည့်လိုက်ရင်Boxတခုထပ်ပေါ်လာမယ်။အဲဒီ Box ထဲက HKLM/SOFTWARE/Microsoft/Windows/CurrentVersion/Run အောက်က explorcr ဆိုတာ ကို one click ပေးပြီး Delete နဲ့ ဖြတ်လိုက်ပါ။ ပြီးရင်ထွက်လို့ရပါပြီ။


Step 2
Ctr+Alt+Del ကိုနှိပ်ပါ။ ပေါ်လာတဲ့ Box က Processes ကို Click ပါ။ အဲဒီအောက်မှာ explorcr.exe ဆိုတာကို Click ပြီး ညာဘက်အောက်ဆုံးက End Process ကို Click ရင် Box ပေါ်လာမယ် Yes ကိုရွေးလိုက်ပါ။
Step 3
My Computer ထဲဝင်လိုက်ပါ။ ပြီးရင်အပေါ်ဆုံးဘားတန်း Tools အောက်က Folder Options ကို Click ပါ။
Folder Options Box ပေါ်လာရင် View ကို Click ပါ။ View အောက်က Show hidden files and folders ကို Click ပေးပါ။ သူ့၂ခုကျော်က Hide protected operating system files (Recommened) ဆိုတဲ့ အမှန်ခြစ်ပေးထားတာကိုဖြုတ်လိုက်ပါ။ ပြီးရင် OK နှိပ်ပြီးထွက်လိုက်ပါ။

Step 4
သင့် mp3(သို့)mp4 ကိုတတ်ထားပါ။ mp3(သို့)mp4 ထဲဝင်မယ် ဆိုလျှင် Double Click နှိပ်ပြီးမ၀င်ပါနဲ့ Window+E နှိပ်လိုက်ပါ။ My Computer Box ပေါ်လာပါလိမ့်မယ်။ အဲလိုပေါ်လာရင်ဘယ်ဘက် Box က သင့် mp3(သို့)mp4 ကို Click ပေးပြီးဝင်ပါ။ ၀င်ပြီးရင် mp3(သို့)mp4 ထဲမှာ.exe ဆိုပြီ ၂ခုရယ် Autoruns ဆိုတာရယ်ရှိပါမယ်။အဲဒီ ၃ခုကမှိန်နေပါမယ်။ အဲဒီ ၃ခုကိုဖြတ်လိုက်ပါ။
သေချာကြည့်ဖြတ်ပါ သင့်မှုလ Folder ကလည်းမှိန်နေပါတယ်။ အဲဒီ Folder ကို right-click ပေးပြီး properties ထဲဝင်ပါ။ Box တခုတတ်လာပါမယ် Hidden ဆိုတာကို click ပေးထားတာကို ဖြုတ်လိုက်ပြီး OK နှိပ်လိုက်ရင် Box တခုထက်တတ်လာပါမယ်။ Apply changes to this folder only ကို click ပေးပြီး ok နှိပ်ပါ။ပြီးရင်စောစောက Box မှာ ok ထက်နှိပ်ပါ။
Step 5
Window+R နှိပ်ပါ။ Box ထဲမှာ regedit လို့ရိုက်ထည့်ပါ။ပေါ်လာရင် Ctr+F နှိပ်လိုက်ရင် Box တခုတက်လာပါလိုက်မယ်။ Find What: ဆိုတဲ့နေရာမှာ explorcr လို့ရိုက်ပြီး Find Next ကို Click ပါ။အဲဒီမှာ explorcr virus နေရာယူထားတဲ့နေရာ တွေကိုပြပါလိုက်မယ်။delete လုပ်ပါ။ပြီးရင် F3 နှိပ်ပါ။ explorcr virus နေရာယူထားတဲ့နေရာထပ်ပေါ်လာပါမယ်။အဲလိုပဲ F3 နှိပ်ပြီးမကုန်မချင်း ဖြတ်ပါ။အဲဒါပြီးရင်တော့ပြီးပါပြီ။ 
post form: http://www.nyameeain.co.cc

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, August 30, 2008

WINDOWS VISTA ရဲ့ START MENU အားပိုမိုမြန်ဆန်စေခြင်း

ကျွန်တော်တို့ WINDOWS VISTA မှာ START MENU ရဲ့ Delay Time ကိုလျှော့ချတဲ့ပုံစံလေးပါ။ WINDOWS VISTA မှာ Default က 400 milliseconds ဖြစ်ပါတယ်၊သူပေးထားတဲ့ Default Time လေးကို ပြင်ပေးလိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ အရင်သုံးနေတာထက် ပိုပြီး START MENU ကမြန်ဆန်လာမှာ။



 
400 milliseconds ကို 50milliseconds ပြောင်းပေးလိုက်ရင် ရပါပြီ။ဘာလို့ 50milliseconds ကိုပြောင်း
ပေးရလဲဆိုတော့ 50milliseconds အောက်နည်းသွားပြီဆိုရင် START MENUကအရမ်းကိုမြန်နေပြီး အသုံးပြုရတာ အဆင်မပြေ တော့လို့ ပါ။ 50milliseconds ဆိုတာကလည်း ပုံသေမဟုတ်ပါဘူး၊ ကိုယ်အဆင်ပြေသလို ပြောင်းလို့ ရပါတယ်။
Start Menu > Run > regedit > HKEY_CURRENT_USER> Control Panel >
Desktop ကိုရောက်တာနဲ့ ညာဘက် အခြမ်းမှာ MenuShowDelay ဆိုတာကိုရှာလိုက်ပါ။ တွေ့ ပြီဆိုရင် Modify လုပ်ပါ Value dataကို 400 ကနေ 50 ကိုပြောင်းပေးလိုက်ပါ၊ Registry Editor ကိုပြန်ပိတ်ပြီးတော့ Restart ပေးလိုက်ပါ။ WINDOWS ပြန်တက်လာတာနဲ့ START MENU ဟာသိသာစွာ မြန်ဆန်လာမှာပါ။
 

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

GMAIL ကို ဖွင့်လိုက်တာနဲ့  Inbox ထဲမှာမဖတ်ရသေးတဲ့ Mails တွေကို အပေါ်ဆုံးက ပေါ်စေချင်ရင်

Gmail လေးဘက်ကိုလည့်ပြီး ပြသနာရှာကြည့်ရအောင် ခင်ဗျာ။ ဘယ်လိုလဲဆိုတော့ ကိုယ့်ရဲ့ GMAIL ကို ဖွင့်လိုက်တာနဲ့ မဖတ်ရသေးတဲ့ Mail တွေကို အပေါ်ဆုံးက ပေါ်နေရင် မကောင်ဘူးလားဗျာ။ ကိုယ်ကမေ့ပြီးတော့ မဖတ်ခဲ့ရင်လည်း အခုလို အပေါ်ဆုံးက ပေါ်နေတော့ အဆင်ပြေမယ် ထင်ပါတယ် ခင်ဗျာ။ ချစ်ချစ်ကမေးပို့ လိုက်လို့ ကိုယ်ကမသိဘူးဆိုရင်လည်း ပြန်ရှာနေစရာ မလိုဘူးပေါ့ဗျာ။ ဘယ်ကပဲ ပို့ ပို့ ပေါ့ဗျာ၊အရေးကြီးတာတွေကို ကိုယ်ကမဖတ်မိဘဲ ဖြစ်နေရင် မကောင်းဘူးပေါ့ဗျာ။

Gmail ကိုဖွင့်ပြီးရင် search box ထဲမှာ label:unread in:inbox ဆိုတာကို ရိုက်ပြီးတော့ Search Mail ဆိုတာကို Click လိုက်ရင်မဖတ်ရသေးတဲ့ Mails လေးတွေကနေ စပြီးတော့ ဖော်ပြပေးပါလိမ့်မယ် ခင်ဗျာ။
အဆင်ပြေမှုတွေကိုသာ ရရှိနိုင်ကြပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

GMAIL ကို ဖွင့်လိုက်တာနဲ့  Inbox ထဲမှာမဖတ်ရသေးတဲ့ Mails တွေကို အပေါ်ဆုံးက ပေါ်စေချင်ရင်

Gmail လေးဘက်ကိုလည့်ပြီး ပြသနာရှာကြည့်ရအောင် ခင်ဗျာ။ ဘယ်လိုလဲဆိုတော့ ကိုယ့်ရဲ့ GMAIL ကို ဖွင့်လိုက်တာနဲ့ မဖတ်ရသေးတဲ့ Mail တွေကို အပေါ်ဆုံးက ပေါ်နေရင် မကောင်ဘူးလားဗျာ။ ကိုယ်ကမေ့ပြီးတော့ မဖတ်ခဲ့ရင်လည်း အခုလို အပေါ်ဆုံးက ပေါ်နေတော့ အဆင်ပြေမယ် ထင်ပါတယ် ခင်ဗျာ။ ချစ်ချစ်ကမေးပို့ လိုက်လို့ ကိုယ်ကမသိဘူးဆိုရင်လည်း ပြန်ရှာနေစရာ မလိုဘူးပေါ့ဗျာ။ ဘယ်ကပဲ ပို့ ပို့ ပေါ့ဗျာ၊အရေးကြီးတာတွေကို ကိုယ်ကမဖတ်မိဘဲ ဖြစ်နေရင် မကောင်းဘူးပေါ့ဗျာ။

Gmail ကိုဖွင့်ပြီးရင် search box ထဲမှာ label:unread in:inbox ဆိုတာကို ရိုက်ပြီးတော့ Search Mail ဆိုတာကို Click လိုက်ရင်မဖတ်ရသေးတဲ့ Mails လေးတွေကနေ စပြီးတော့ ဖော်ပြပေးပါလိမ့်မယ် ခင်ဗျာ။
အဆင်ပြေမှုတွေကိုသာ ရရှိနိုင်ကြပါစေ ခင်ဗျာ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, August 16, 2008

Window XP ရဲ့ လျှို့ဝှက်ချက်များ

1.ကိုယ့်ရဲ့Computer အကြောင်း
All Programs ထဲက Accessories menu မှာရှိတဲ့ Command Prompt ကိုသွားပါ။ ထို့နောက် systeminfo လို့ရိုက်ထည့်ပါ။ ကွန်ပျူတာသည် လက်ရှိအချိန် အပါအ၀င် အလွန်အသုံးတည့်သော အချက်အလက်များကိုဖေါ်ပြပါလိမ့်မည်။ ထိုအရာများကို Notepad ကိုအသုံးပြု၍ သိမ်းဆည်းထားလိုပါက info.txt ဟူ၍လည်း သိမ်းဆည်းထားနိုင်ပါပြီ။

2. File များကို Recycle Bin သို့မပို့စေဘဲနှင့် ချက်ချင်းဖျက်ပစ်နိုင်ပါတယ်။
Start menu ကိုသွားပါ။ Run ကိုရွေးချယ်ပြီး gpedit.msc ဟူ၍ရိုက်ပါ။ ပြီးလျှင် User Configuration, Administrative Templates, Windows Components, Windows Explorer ကိုရှာဖွေပြီးလျှင် Do not move deleted files to the Recycle Bin setting ကို ပြောင်းလဲရွေးချယ်လိုက်ပါ။ gpedit.msc ဟုရွေးချယ်ပြီးသောအခါ တက်လာမည့် အခြားသော system options ဆိုင်ရာ အချက်အလက်တွေကို ကျွမ်းကျင်သူတစ်ဥိးမဟုတ်ဘဲ ပြောင်းလဲခြင်းဖြင့် သင့်၏ ကွန်ပျူတာ ရပ်တန့်သွားစေနိုင်တာကိုတော့ သတိထားစေလိုပါတယ်။

3. Mouse ကို နှစ်ချက်လေးမျှ နှိပ်ရုံဖြင့် XP အလုပ်ရုံကြီးတစ်ခုလုံးကို သော့ခတ်လိုက်ပစ်လိုက်လို့ရပါတယ်
သင်၏ desktop ပေါ်မှာ mouse ၏ ညာဖက် click နှိပ်ကာ shortcut တစ်ခုကိုဖန်တီးပြီး သင့်စိတ်ကြိုက်အမည်ပေးပါ။ ထို့နောက် location field ထဲမှာ rundll32.exe user32.dll,LockWorkStation ဟူ၍ ရိုက်ထည့်လိုက်ပါ။ ထိုအရာပေါ်မှာ ဘယ်ဖက် click ၂ ချက်နှိပ်ကာ သော့ခတ်လို့ရသွားပါပြီ။ ဒါမှမဟုတ် Windows key နှင့် L ကိုတွဲနှိပ်ခြင်းအားဖြင့်လည်း သော့ခတ်လို့ရပါတယ်။

4. ကွယ်ဝှက်ထားသည်များကိုဖော်ထုတ်ခြင်း
XP က သင်ဖျက်ပစ်ချင်မည့် အချို့သော system software များကို ဖွက်ထားတတ်ပါတယ်။ ဒါပေမယ့် သင်မြင်ရအောင် ဆောင်ရွက်နိုင်ပါတယ်။

post from http://www.myanmarfmaily.org

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Start Menu ရှိ Files များအားဖျောက်ခြင်း

စာသင်ခန်းများ၊ကျောင်းများ အသုံးပြုသော Computer များတွင် Start Menu ၌
လိုအပ်သော Files အနည်းကိုသာ ဖော်ပြထားသည်ကို တွေ့ဘူးကြမည် ဖြစ်ပါသည်။
(အနော်လို လက်ဆော့တဲ့သူရန်ကို ကြောက်လို့ဖြစ်မယ် .. ဟီး)
ဒါကလဲ တစ်နည်းအားဖြင့်တော့ အသုံးပြုသူများကို ကန့်သတ်ထိန်းချုပ်လိုက်ခြင်းပါပဲ

ဘယ်လိုမျိုး ဖျောက်ရတယ်ဆိုတာကို သိချင်သော လူများရှိလျှင်
အဆင်ပြေရန်အတွက် ဖော်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်။


၁။ Start – Run – gpedit.msc ဟု ရိုက်ပါ။


၂။ Local Computer Policy – User Configuration – Administrative Templates – Start Menu and Taskbar ကို Click လုပ်ပါ။

၃။ ညာဘက်ရှိ Box ထဲတွင် ကျွန်တော်တို့ ဖျောက်ချင်သော File
( e.g;Remove Run Menu from Start Menu ) ကို Double Click လုပ်ပါ။

၎။ Remove My Documents icon from Start Properties Box ပေါ်လာသောအခါ

Enabled ကို Check ပေးပြီး Apply – OK ပေးပါ။

အထက်ပါ နည်းအတိုင်း မိမိ ကြိုက်နှစ်သက်သော File များကို ဖျောက်ထားနိုင်ပါတယ်။

post from http://www.myanmarfamyily.org

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Windows XP ရဲ့ ရိုးစင်းတဲ့ လျှို့ ဝှက်ချက်(၄၀)

(၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့

Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။)

ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့ “Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart ပြန်လုပ်ပါ။

(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။



(၃) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။

နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ်။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး ဖျက်ထုတ်ပစ်ပါ။ (အချို့  လုပ်ဆောင်နေဆဲ ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အကြောင်း ပြောလာတတ်ပါတယ်။)

(၄) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။

နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start > Run box ကိုဖွင့်ပါ။
- “Prefetch” လို့ ရိုက်ထည့်ပါ။
- တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။

(၅) Hard disk ကို အချိန်ရှိသရွေ့  ရှင်းလင်းပေးပါ။
- All Program ကိုသွားပါ။
- Accessories ကနေတစ်ဆင့် “System tools” အောက်မှာ ရှိနေတဲ့ “Disk Clean Up” ကို ကလစ်နှိပ်ပါ။ ၅ မိနှစ်အတွင်းမှာ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေ မှန်သမျှကို ရှင်းလင်းပေးပါလိမ့်မယ်။ (ကိုယ်အနေနဲ့ အပြင်ကို ခဏတဖြုတ် သွားမယ့် အချိန်မျိုးတွေမှာ သိပ်အသုံးဝင်ပါတယ်။)

(၆) မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။
- Start > Run
- “msconfig” လို့ရိုက်ပါ။
- “System configuration Utility” box ပေါ်လာပါမယ်။
- ညာဘက် အစွန်းဆုံးမှာ “Start up tab” ဆိုတာ ရှိပါတယ်။
- ကိုယ့်အတွက် အသုံးမ၀င်တဲ့ program တွေရဲ့  ရှေ့  မှာ အမှန်ခြစ် အမှတ် အသား လုပ်ထားခဲ့ရင် ပြန်ပြီး “uncheck” လုပ်ပေးပါ။
- Restart နဲ့ ပြန်စပါ။

(၇) လုံခြုံစေဖို့ ဖိုင်စနှစ် ပြောင်းသုံးပါ။
- Start > all programs > accessories > command prompt တစ်ခုချင်း ကလစ်နှိပ်ပြီး သွားပါ။
- Command pormpt ပေါ်လာရင် အနက် screen ကြီးကို တွေ့ရပါမယ်။
- မှိတ်တုတ်မှိတ်တုတ် cursor လေးနဲ့ “convert c:fs:ntfs” လို့ရိုက်ပါ။
- ပြီးရင် ‘Enter’ ခေါက်ပါ။
- Command prompt ကို နောက် တစ်မျိုး “Start > Run” မှာ cmd လို့ ရိုက်ထည့်ပြီး သွားနိုင်ပါတယ်။
- တကယ်လို့ NTFS ပြောင်းပြီးသား ဆိုရင် ပြောင်းဖို့ မလိုပါ။ My computer ကို Right Click နှိပ်ပြီး “properties” မှာဖွင့်ကြည့် နိုင်ပါတယ်။
- cmd ထဲဝင်ပြီး ပြန်ထွက်မရ ဖြစ်နေရင် “exit” လို့ရိုက်ပြီး ထွက်ပါ။

(၈) Memory ပိုမို အလုပ်လုပ်စေနိုင်ဖို့
- XP ရဲ့ default မှာ memory ရေရှည် အသုံးခံနိုင်အောင်နဲ့ တခြား လိုအပ်တဲ့ စနစ်ပိုင်း ဆိုင်ရာတွေကို မောင်းနှင်ဖို့ စီမံထားပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အတွက် အသုံးမ၀င်ပါဘူး။ ရှိရင်းစွဲ memory ကိုပဲ လှည့်ကွက်တစ်ခု အနေနဲ့ ပိုပြီး ကောင်းမွန်အောင် သုံးစွဲနိုင်ပါတယ်။
- Start > Run > Regedit အဆင့်ဆင့်သွားပါ။
- Registry panel ရဲ့ ဘယ်ဘက်မှာ “HKEYLOCALMACHINE” ကို click နှိပ်ပါ။
- “System” ကို ကလစ် နှိပ်ပါ။
- “Current control set” ကို ကလစ် နှိပ်ပါ။
- “control” ကို ကလစ်နှိပ်ပါ။
- “Session Manager” ကို နှိပ်ပါ။
- “Memory Managment” ကိုကလစ်နှိပ်ပါ။ ညာဘက် panel မှာ ရှိတဲ့ “Disable pasing executive” ကို Double Click နဲ့ ဖွင့်ပါ။
- Large System Cache ကိုလည်း double click နဲ့ ဖွင့်ပါ။
- Decimal value ကို “1″ ပြောင်းပေးပါ။
- Restart ပြန်လုပ်ပါ။ Memory Performance ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။

(၉) ဖိုင်တွေကိုလုံခြုံစေဖို့ password ပေးပါ။

ကိုယ့်ရဲ့ဖိုင်တွေ၊ folder တွေ၊ ebook စတာတွေကို လုံခြုံစေဖို့ နည်းလမ်းအမြောက်အမြား ရှိပါတယ်။ password ပေးပြီး သိမ်းဆည်းထားတာဟာ အလုံအခြုံဆုံးပါပဲ။ အဲဒီလို password ပေးတဲ့အခါမှာ သိမ်းဆည်းချင်တဲ့ ဖိုင်တွေကို folder တစ်ခုထဲကို အရင်ထည့်ပါ။ ပြီးရင်ကိုယ်မှတ်မိတဲ့ Name ပြောင်းပါ။ ပြီးရင် Windows ရဲ့ built-in zip format ကို password ပေးပါ။
- Zip Software ကို install လုပ်ပြီး သုံးစွဲတာက ပိုကောင်းပါတယ်။
- Win Zip Software ကို ဖွင့်ပါ။
- File menu အောက်မှာရှိတဲ့ Add a password ကို ကလစ်နှိပ်ပါ။
Winrar Software ကို install လုပ် ခဲ့မယ်ဆိုရင်တော့
- ဖိုင်ကိုကလစ်ထောက်လိုက်ပြီး ချုံ့ပေးပါ…လို့ ခိုင်းပါ။
- Advanced မှာ “Set password” ကို click နှိပ်ပါ။
- Password line နှစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု တူညီရပါမယ်။

(၁၀) ဖိုင်တွေ လုံခြုံစေဖို့ ရုပ်ဖျက်ထားနိုင်ပါတယ်။

ဆော့ဖ်ဝဲအသုံးပြုထားတဲ့ ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်ဝဲရဲ့ extension နဲ့ အဆုံးသတ်ပါတယ်။ ဥပမာ ebook စာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက် ဆော့ဖဲဝဲ pagemaker ဆိုရင် (.pmd)၊ Photoshop ဆိုရင် (.psd) (.jpg) စတဲ့ အဆုံးသတ် extension တွေပါဝင်ပါတယ်။ အဲဒီ extension တွေကို ဖော်ထားလို့ ရသလို ဖျောက်ထားလို့လည်းရပါတယ်။
- ပထမဆုံး My Computer ကိုကလစ်နှိပ်ပြီး အထဲကို ၀င်ပါ။
- Folder options ကို သွားပါ။ (Tools အောက်မှာ ရှိပါတယ်။)
- အဲဒီက “File Types” ကို ကလစ် နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension တွေ တစ်ခုချင်းစီအလိုက် ပေါ်လာပါလိမ့်မယ်။
- အခု ဖုံးကွယ်ထားမယ့် ဖိုင်တစ်ခုကို extension ပြောင်းပေးပါ။ ဥပမာကိုယ်က (.pmd)နဲ့ စာရိုက်ထားတဲ့ page တစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ (.pmd) နေရာမှာ (.pdf) စသည်ဖြင့် ပြောင်းလဲပေးလိုက်ပါ။
- ပြီးရင် extension ဖော်ထုတ်ထားတာကို ပြန်ပြီး ဖျောက်ပစ်လိုက်ပါ။
- အဲဒီအခါမှာ ကိုယ့်ဖိုင်ဟာ ကိုယ်ကိုယ်တိုင်တောင်မှ မမှတ်မိ နိုင်တော့တဲ့ ဖိုင်အမျိုးအစား တစ်ခုအနေနဲ့ ပြောင်းလဲသွားပါလိမ့်မယ်။

(၁၁) ပရိုဂရမ်ရဲ့ အမြန်နှုန်းတွေကို မြှင့်တင်ပါ်။

Screen ရဲ့ အောက်ခြေမှာရှိတဲ့ ‘taskbar’ ကို Right click လုပ်ပါ။
- ပေါ်လာတဲ့ box ထဲက ‘Task Manager’ ရွေးပါ။
- ‘Task Manager’ ထဲကမှ ‘process tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ ရှိတဲ့ ပရိုဂရမ်တွေ၊ browser တွေ ပေါ်ထွက် လာပါလိမ့်မယ်။
- ကိုယ် မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။
- ‘pirority’ ကို High လုပ်လိုက်ပါ။
- ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။

(၁၂) Hibernate မလုပ်ပါနဲ့။

Hibernate ကို ကွန်ပျူတာ သမားတွေ အသိများပါတယ်။ နောက်တစ်နေ့မှာ ကိုယ်သုံးစွဲထားခဲ့တဲ့ ပရိုဂရမ်တွေအတိုင်း ပြန်ပေါ်ထွက်လာအောင် စီစဉ်ပေးထားတာပါ။ ဒါပေမယ့် memory ကို အရမ်းစားပြီး hard disk မှာလည်း မတရား နေရာယူလွန်းပါတယ်။
- Control Panel ကိုဖွင့်ပါ။
- Power Options ကို click နှိပ်ပါ။
- Hibernate ကို ရွေးချယ်ပါ။
- ‘Enable hibernation’ ကို ‘Uncheek’ ပြန်လုပ်ပါ။ (ခွင့်မပြုဘူး ဆိုတဲ့ သဘောပါ။)

(၁၃) Memory နည်းပါးနေတဲ့ အခါ

အမြဲလို ကြုံရဘူးပါတယ်။ ဆော့ဖ်ဝဲ နှစ်ခုလောက် အပြိုင်အလုပ်လုပ်တဲ့အခါ ‘Memory Inerupt’ ဆိုပြီး ဆော့ဖ်ဝဲ တစ်ကို ပိတ်သွားတာမျိုး ရှိသူတွေအတွက် လျှော့ချသင့်တဲ့ ပုံစံတွေ ရှိပါတယ်။ XP မှာ အသစ်ပေါင်းထည့်ထားတဲ့ feature အသစ်ဟာ momery ကို အလွန် သုံးစွဲသလို “Thames” တွေကလည်း memory ကို သုံးစွဲပါတယ်။ ဒါကြောင့် Style XP လို “Thames” တွေကို memory မြင့်မြင့်မားမား မရှိဘဲနဲ့ install မလုပ်ပါနဲ့။ Window ရဲ့ ဂန္တ၀င် ပုံစံဟာ memory ကို ချွေတာရာရောက်ပြီး အလုပ် များများရှိတဲ့ လူတွေအဖို့ သင့်တော်ပါတယ်။
- Control Panel > System
- Advanced tab ရွေးချယ်ပါ။
- ‘Performance’ မှာ ’setting’ ဆိုတာ ပါဝင်ပါတယ်။ အဲဒီ setting ကို ကလစ်နှိပ်ပြီး ‘Adjust for best performance’ ကို ရွေးချယ်ပါ။
နောက်တစ်နည်းနဲ့ Start Menu ကို ဂန္တ၀င် ပုံစံပြောင်းလို့ ရသေးပေမယ့် အခုနည်းက OS ကနေ အလိုအလျှေက် ညှိနှိုင်း ဆောင်ရွက်ပေးတဲ့ အတွက် ကောင်းပါတယ်။

(၁၄) Automatic update ကို ပိတ်သင့်ပါသလား။

အင်တာနက် ချိတ်ဆက်ထားတဲ့ ပီစီတွေ အဖို့တော့ Automatic update ကို ပိတ်ထားတာဟာ အဆိုးရော အကောင်းရော ဖြစ်စေပါတယ်။ အဆိုးကတော့ browser မှာ ထည့်သွင်းထားတဲ့ ‘add-ons’ လို update တွေမရနိုင် တော့ပါ။ အကောင်းဘက် ကတော့ memory ကို ပိုမို များပြားစွာ သုံးစွဲစေပြီး XP ကို ပိုမြန်စေပါတယ်။
- Control Panel > System
- Automatic updating ကို Turn Off လုပ်ပေးပါ။

(၁၅) ပရိုဂရမ်တွေကို Shortcuts တွေ တည်ဆောက်ထားပါ။
- Desktop မှာ New Floder ဖန်တီးပြီး ‘Application’ လို့ အမည်ပေးပါ။
- ပြီးရင် ပရိုဂရမ် တွေရဲ့ Shortcuts တွေ မှန်သမျှ ထည့်ပေးပါ။
- Taskbar မှာ Right Click နှိပ်ပြီး toolbar မှာ ‘New toolbar’ ကို သွားပါ။
- အခုန တည်ဆောက်ထားတဲ့ ‘Application’(New Floder)’ ဆီကို ညွှန်းပေးပါ။
- ပီစီဖွင့်တိုင်းမှာ Shortcuts တွေကနေ တစ်ဆင့် အမြန်ဆုံး အလုပ်လုပ်နိုင်ပါမယ်။

(၁၆) ‘Shut-down’ shortcut ဖန်တီးနိုင်ပါတယ်။
- Desktop မှာ Right Click နှိပ်ပါ။ New shotcut ကို ဖန်တီးပါ။
- နာမည်မှာ ’shutdown-s-to’ လို့ အမည်ပေးပါ။
- ပြီးရင် properties ကို သွားပါ။ Target နေရာမှာ “C:/Windows/system32/shutdown.exe”ကို ရွေးပေးပါ။ (XP.SP2 သမားတွေအတွက်တော့ အလွယ်တကူနဲ့ C > Windows > System32 > “shutdown icon” အထိ သွားပြီး shutcut ဖန်တီးနိုင်ပါတယ်။)

(၁၇) Keyboard shotcut တွေကိုသုံးပါ။

Ctrl+A ဆိုတာ Select All ၊ Ctrl+C ဆိုတာ Copy ၊ Ctrl+V ဆိုတာ Paste အဲဒီလိုမျိုး မြန်ဆန်စေတဲ့ ကီးဘုတ်ဖြတ်လမ်း နည်းလေးတွေကို သုံးစွဲကြည့် နိုင်ပါတယ်။

(၁၈) Fonts တွေကို ခဏ ဖယ်ထုတ်ထားပါ။

ဖြစ်နိုင်ရင်တော့ တချို့  Fonts တွေဟာ ဥပမာအားဖြင့် ကိုယ်ဟာ စာစီစာရိုက် သမားတစ်ယောက်၊ Web designer တစ်ယောက်မဟုတ်ရင် မလိုအပ်တဲ့ font တွေကို အပြီးတိုင် ဖယ်ထုတ်ထားလို့ ရပါတယ်။ Photoshop လို ပရိုဂရမ်မျိုးဟာ ဖွင့်ချိန် အရမ်းကြာမြင့်တာဟာ သူ့ရဲ့ library ထဲကို အသင့်သုံးပစ္စည်းတွေကို ခေါ်ယူနေတာကြောင့်ပါ။ အဲဒီ လိုမျိုးပဲ တခြားပရိုဂရမ်ေ်တွဟာ ကြာနေတတ်တာဟာလည်း အကြောင်းအမျိုးမျိုး ရှိနိုင်ပြီင်္း အဲဒီထဲက အကြောင်းတစ်ခုက ‘Fonts’ တွေကို loading လုပ်နေရလို့ပဲ ဖြစ်ပါတယ်။
- Control Panel > Fonts ကို ဖွင့်ပါ။
- Folder အသစ်တစ်ခု ဆောက်ပါ။ အသုံးမလိုတဲ့ Fonts တွေကို သီးသန့် ပေါင်း စုထားပြီး၊ control panel ကနေ ခွဲထုတ်နေရာ ရွှေ့  ပစ်လိုက်ပါ။
- ဒါဟာ ပရိုဂရမ်တွေကို မြန်ဆန်စေတဲ့ လျှို့ ဝှက်ချက် တစ်ခုပါပဲ။

(၁၉) Font အရွယ်အစား ပြောင်းလဲ ကြည့်နိုင်ရန်

အင်တာနက် သုံးစွဲ နေတဲ့ အချိန်မှုာ Image ပေါ်မှာ ရေးထားတဲ့ စာလုံးတွေကိုပဲ ဖြစ်ဖြစ် တခြားနေရာ မျိုးစုံက အက္ခရာတွေကိုပဲ ဖြစ်ဖြစ် ပိုမိုသဲကွဲစွာ မြင်နိုင်ဖို့ နည်းရှိပါတယ်။
- Ctrl ကို ဖိထားရင်း keyboard အပေါ်တန်းက “+” ကို နှိပ်ပါ။ နှိပ်လေလေ font နဲ့ webpage စာမျက်နှာ ကြီးလာလေလေ ဖြစ်ပါလိမ့်မယ်။ အရွယ်အစား လျှော့ချဖို့ ကတော့ ‘Ctrl’ နဲ့ အနှုတ်လက္ခဏာကို တွဲဖက်အသုံးပြုပါ။

(၂၀) Shift + Delete ကို သတိထားပါ။

ရိုးရိုး Delete ဟာ ဖိုင်တစ်ခုကို ဖျက်ပစ်လိုက်ပေမယ့် အမှိုက်ပုံးထဲမှာ ကိုယ်စားကျန်ပါသေးတယ်။ Shift Key ကို သတိထားပြီး Delete ခလုတ်ကို နှိပ်ချလိုက်မယ် ဆိုရင်တော့ အပြီးတိုင် ဖျက်ပေးသွားပါလိမ့်မယ်။ မလိုလား အပ်တဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တာမို့ ‘Shift + Del’ ကို သတိထားပြီး သုံးစွဲပါ။

(၂၁) Error report ကို ပယ်ဖျက်ပါ။

ပရိုဂရမ်တွေ မျိုးစုံ ဖွင့်နေရင်း တစ်ခါတစ်လေမှာ ပရိုဂရမ် တစ်ခုခုဟာ ကြာမြင့်နေတဲ့ အချိန်မှာ hang မသွားခင်မှာ windows ရဲ့ ‘Error report’ box တက်လာတတ်ပါတယ်။ အဲဒါကို ဖျောက်ထားပစ်ပါ။
- Control Panel > System
- ပြီးရင် Advanced ကို click နှိပ်ပါ။အဲဒီထဲကမှ ‘Error Reporting’ Disable ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၂၂) ‘Open-with’ ဆိုတာ

ဗီဒီယိုဖိုင်တွေ အတွက်ဆိုရင် ‘Open-with’ ဟာ အလွန်အသုံးဝင်ပါတယ်။ window media player ကို လက်မခံတဲ့ file extension တွေကို open-with နဲ့ ဖွင့်လှစ်ရပါမယ်။ (အရင်ဆုံး player တချို့ ကိုတော့ install လုပ်ဖို့ လိုပါလိမ့်မယ်။)
- ဖွင့်ချင်တဲ့ ဖိုင်တစ်ခုကို ‘Right Click’ ထောက်ပြီး ‘open with’ ကို ရွေးချယ်ပါ။
- ‘Browser’ လုပ်လိုက်ရင် ပရိုဂရမ်တွေ အစီအရီ ပေါ်ထွက်လာပါလိမ့်မယ်။ စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီး ဖွင့်လှစ် နိုင်ပါတယ်။ ဘယ်လိုမျှ ဖွင့်ကြည့်လို့ မရဘူးထင်တဲ့ Note pad ပုံစံ ပရိုဂရမ်တွေကို word pad နဲ့ ဖွင့်လို့ ရပါတယ်။

(၂၃) Open-with ဟာ ပိုပြီး မြန်ဆန်ပါတယ်။

Photoshop မှာ (.psd) ဆိုတဲ့ ပရိုဂရမ်ပိုင် extension တွေက လွှဲလို့ တခြားပုံရိပ်တွေကို ဖွင့်ကြည့်ချင်ရင် ‘open-with’ က ပိုပြီးမြန်ဆန်ပါတယ်။
Open-with ကနေ ‘Image Viewer’ ကို ရွေးချယ်ပေးပါ။

(၂၄) Filmstrip နဲ့ ရုပ်ရှင် ကြည့်နိုင်ပါတယ်။

ကိုယ့်မှာရှိတဲ့ ပုံရိပ်တွေ အားလုံးကို floder ထဲမှာ တစ်စု တစ်စည်းတည်း ထားလိုက်ပါ။ ဓါတ်ပုံတွေ အားလုံးကို ရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုမျိုး စီစဉ်ထားနိုင်ပါတယ်။
- Floder ကို ဖွင့်လိုက်ပါ။
- ပြီးရင် Menu bar ထဲက ‘View’ မှာ Filmstrip ကို ရွေးချယ်လိုက်ပါ။
- Ctrl Key ကို ကိုင်ထားပြီး လိုအပ်သလို အကွက်ရွှေ့ လို့ ရပါတယ်။

(၂၅) IE ရဲ့ homepage ကို Blank လုပ်ထားပါ။

IE ကို ဖွင့်ရာမှာ တစ်ခါတလေ စိတ်ပျက်ဖို့ ကောင်းပါတယ်။ မိုက်ကရိုဆော့ဖ် ရဲ့ default home page “msn.com” ဟာ ငြီးငွေ့စရာ ကောင်းလောက်အောင်ကို ကြာမြင့်လွန်း တတ်ပါတယ်။ တကယ်လို့ IE ကို ဖွင့်လိုက်စဉ်တိုင်းမှာ အဖြူထည် စာမျက်နှာ ဖြစ်နေတာဟာ ပိုပြီး မြန်ဆန် စေပါတယ်။
- IE ကို ဖွင့်ပါ။
- Tools ကို ကလစ်နှိပ်ပါ။ General အောက်မှာ ရှိတဲ့ address box မှာ user blank ကို ကလစ်နှိပ်ပါ။
- Apply ကို ကလစ်နှိပ်ပါ။ OK ကို ကလစ်နှိပ်ပါ။

(၂၆) Domain တွေကို key နဲ့ သုံးပါ။
- www. google.com ကို သွားဖို့ အတွက် အရှည်ကြီး ရိုက်နေဖို့ မလိုပါဘူး။
- google ကို ရိုက်ပါ။ ပြီးရင် Ctrl key ကိုင်ထားပြီး Enter ခေါက်ပါ။ အဲဒီလို shot-cuts တွေကို လေ့လာရင်း သုံးစွဲရင် ပိုမြန်ဆန် စေပါတယ်။

(၂၇) ‘Animated dog’ ဟာ လေးလံပါတယ်။ ပယ်ဖျက်ထားပါ။
Search box ဟာ အလွန်နှေးပါတယ်။ စက်ကို crash ဖြစ်သွား စေမတတ် ပါဘဲ။ အဲဒီ ခွေးကလေးကို ပယ်ဖျက်ထားပါ။
- Search window ကို ဖွင့်ပါ။
- Change preferences ကို click လုပ်ပါ။
- ‘Without an animated screen character’ ကို ကလစ်နှိပ်ပါ။
- Animated object မရှိတော့တဲ့ အတွက် Search box ဟာ ပိုပြီး မြန်ဆန် လာပါလိမ့်မယ်။

(၂၈) Network အတွင်းလေ့လာ ကြည့်ခြင်း

ကိုယ့်ရဲ့ network ဧရိယာ များမှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာ ကြည့်ရှုချင်ရင် My Network places ကနေ ကြည့်ရှုလို့ ရပါတယ်။ ပီစီတစ်လုံးကနေ နောက်တစ်လုံး ဆီကို access လုပ်ဖို့ ကို တော့ admin ခွင့်ပြုချက် ဒါမှမဟုတ် password ရယူရပါမယ်။ My Network places မှာ ‘view word group computer’ ကိုရွေးလိုက်။ အဆက်အသွယ် တွေ အကုန်လုံးကို တွေ့ရပါလိမ့်မယ်။

(၂၉) MP3 သီချင်းတွေကို ကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။
- Control panel > Taslbar and Start Menu ကို ရွေးချယ်ပါ။
- Start Menu ကို ကလစ်နှိပ်ပါ။
- Customize ကို ကလစ်နှိပ်ပါ။
- Advanced tab ကို ကလစ်နှိပ်ပါ။
- My Music ကို ရွေးချယ်ပါ။

(၃၀) Print Screen သို့မဟုတ် Capture ဖမ်းယူခြင်း

ကွန်ပျူတာပေါ်က မြင်းကွင်းတစ်ခုခုကို ပုံရိပ်အနေနဲ့ ကူးယူပြီး ကိုယ့်အတွက် ပြန်လည်၍ အသုံးချနိုင်ပါတယ်။
- လိုချင်တဲ့ image ဒါမှမဟုတ် webpage ကို ဖွင့်ပါ။
- Keyboard က ‘print screen preview’ ကို ကလစ်နှိပ်ပါ။ (ဖွင့်ထားတဲ့ ပုံရိပ် အနည်းငယ်သာ လိုချင်ရင် Alt နဲ့ တွဲနှိပ်ပါ။)
- ပြီးရင် Start > Run box မှာ ‘mspaint’ဆိုပြီး စာရိုက်ပါ။ (ရိုးရိုး paint program ကို ခေါ်သုံးရင်လည်း ရပါတယ်။)
- paint ပေါ်လာပြီဆိုတာနဲ့ ‘Ctrl+V’ ဒါမှမဟုတ် ‘File menu’ အောက်က ‘paste’ ကို ကလစ်နှိပ်ပါ။ (ဤ paint နေရာမှာ အခြား Clipboard ရှိတဲ့ ဓါတ်ပုံ တည်းဖြတ် ဆော့ဖ်ဝဲ တွေ photoshop corel draw စတာတွေ သုံးစွဲ နိုင်ပါတယ်။)

(၃၁) Screen Saver ကို Slide Show လုပ်နိုင်ပါတယ်။
- Control Panel > display
- Display properies box ကျလာရင် ’screen saver tab’ ကို ရွေးချယ်ပါ။
- နောက်ဆိုရင် Screen Saver ဟာ ရုပ်ရှင်တွေ ပြသလိုမျိုး ပုံရိပ်တွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင် ပေါ်လာပါလိမ့်မယ်။
- (My Picture folder ထဲမှာ ကိုယ်လိုချင်တဲ့ Image တွေကို အရင်ဆုံးထည့်ထားရပါမယ်။ Slide Show မှာ ပုံရိပ်တစ်ခု နဲ့ တစ်ခုအကြား ကြာမြင့်ချိန်ကို စိတ်ကြိုက် ရွေးချယ် ပြောင်းလဲ နိုင်ပါတယ်။)

(၃၂) Pop-up တွေကို လက်မခံပါနဲ့။

Firefox browser မှာ pop-up blocker ဆိုပြီး လုံခြုံရေး tool ပါဝင်တဲ့ အပြင် add-ons တွေနဲ့ အထူး ပိတ်ပင် တားဆီးလို့ ရနိုင်ပါတယ်။ IE ရဲ့နောက်ဆုံးထွက် version7.0 ကို install လုပ်လိုက်မယ် ဆိုရင်တော့ pop-up ပြဿနာဟာ ၇၀% လျှော့ကျ သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် browser မှန်သမျှရဲ့ နောက်ဆုံးထုတ် version ကို ရအောင် ယူထားပါ။

(၃၃) Toolbar ပြုပြင်ခြင်း
- firefox မှာ Menubar ပေါ်မှာ Right click နှိပ်ပါ။
- အဲဒီထဲက ပေါ်လာတဲ့ customize bar ထဲကို ကိုယ်လိုချင်တဲ့ ‘icon’ တွေကို ပေါင်းထည့် ပေးပါ။

IE အတွက်ကတော့
- IE ကို ဖွင့်ပါ။
- View > toolbar > customize
- အဲဒီအထဲကမှ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ဒီလိုပြင်ဆင် ထားတဲ့အတွက် ကိုယ်လိုချင်တဲ့ အချိန်မှာ လိုသလို အသုံးချနိုင်တဲ့ icon တွေ အဆင်သင့် မြန်မြန် ဆန်ဆန် ရှိနေမှာပါ။

(၃၄) Private data ကို လုံခြုံအောင်ထားပါ။
- IE ကိုဖွင့်ပါ။ Tools Menu မှာ ရှိတဲံ့ internet options ကနေ Clear History ကို ကလစ်နှိပ်ပါ။ ‘Cache’ ကိုရှင်းပါ။ ပိုပြီး အန္တရာယ် ကင်းစေချင်ရင် ‘Cookies’ တွေကို ရှင်းပါ။
Firefox ကို ဖွင့်ပါ။ “Options” ကို ကလစ်နှိပ်ပါ။
- Privacy ကို ကလစ်နှိပ်တဲ့အခါမှာ box ရဲ့ အောက်ဆုံးမှာ “private data” တွေ့ရပါမယ်။ “Setting” ကို ၀င်ပြီး အမှန်ခြစ်တွေ ပေးထားပါ။ OK နှိပ်ပြီး ပြန်ထွက်ပါ။ “Always Clear my private data when I close firefox” ရှေ့ မှာ အမှန်ခြစ်ပေးပါ။ Cyber cafe မှာ သုံးစွဲဖို့ သင့်တော်စေတဲ့ tool တစ်ခုပါ။

(၃၅) Entry တွေကို ရှင်းလင်းပါ။
- Start > Run
- Regedit လို့ရိုက်ပြီး Enter ခေါက်ပါ။
- HKEY_LOCAL_MACHINE ကို ကလစ်နှိပ်ပါ။
- Software ကို ကလစ်နှိပ်ပါ။
- Microsoft ကို ကလစ်နှိပ်ပါ။
- Windows ကို ကလစ်နှိပ်ပါ။
- Current Version ကို ကလစ်နှိပ်ပါ။
- Uninstall ဆိုပြီးပေါ်လာပါမယ်။အဲဒီထဲမှာ ကိုယ် uninstall လုပ်ခဲ့စဉ်တုန်းက အကြောင်း အမျိုးမျိုး ကြောင့် မပျက်ခဲ့တဲ့ ဆော့ဖ်ဝဲ အကြွင်းအကျန်နဲ့ အစအန တွေကို ရှင်းလင်း ထုတ်ပါ။
- Restart ပြန်လုပ်ပါ။

(၃၆) Mouse ကို ချောမွေ့ စွာ ကိုင်တွယ်နိုင်ပါတယ်။

များသောအားဖြင့် Mouse ရဲ့ default ဆက်တင်ဟာ ပြုပြင်စရာ မလိုအောင် ကောင်းပါတယ်။ တကယ်လို့ စိတ်ကြိုက် ပြင်ဆင် ချင်သေးတယ် ဆိုရင်–
- Control Panel > System
- Hardware ကို ရွေးချယ်ပါ။
- Device Manager ကို ကလစ်နှိပ်ပါ။
- ‘Mice and other pointing serices ဆိုတာ ရှိပါတယ်။ အဲဒီမှာ mouse ကို right click နှိပ်ပြီး properties ကို စိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။

(၃၇) Restore point ကို ဖျက်ပစ်ပါ။

ကွန်ပျူတာရဲ့ စနစ်မှုာ တစ်ခုခု အမှားအယွင်း ဖြစ်နေခဲ့ရင် အရင်အတိုင်း အခြေအနေ ကောင်းလေးကို ပြန်လည် ရရှိစေနိုင်ဖို့ System Restore ဆိုတာ ထားရှိပါတယ်။ Memory ကိုရော၊ Hard disk နေရာလွတ် များများကိုရော လိုချင်တယ် ဆိုရင် အရင် restore point အဟောင်းတွေကို ဖျက်ပစ်ရပါမယ်။
- Start > All Programs > Accessories > System tools > Disk Clean up > More Options အထိ ဆက်တိုက် သွားပါ။
- အဲဒီ More Options မှာရှိတဲ့ restore point အဟောင်းတွေကို delete လုပ်ပစ်ပေးပါ။

(၃၈) တစ်ပတ်တစ်ခါ defragment လုပ်ပါ။
- Start > All Programs > Accessories > System tools >Disk Defragmenter ကို ရွေးချယ်ပါ။
- Analyzing လုပ်တာနဲ့ Defragment လုပ်တာ နှစ်မျိုး ရှိပါတယ်။ နာရီဝက်၊ တစ်နာရီလောက် အချိန် ပေးရပါမယ်။ ဒီ tool ဟာ window နဲ့ ‘built-in’ tool ဖြစ်ပြီး System မှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေနဲ့ အမှိုက် အစအန တွေကို အထိုက်အလျှောက် ဖယ်ရှား ပေးတဲ့အတွက် သုံးစွဲ သင့်ပါတယ်။

(၃၉) ‘Virtual memory’ တည်ဆောက်ခြင်းဟာလည်း စနစ်ကို မြန်ဆန်စေပါတယ်။

ပီစီရဲ့ လိုအပ်တဲ့ ပရိုဂရမ်တွေကို မြန်မြန်ဆန်ဆန် သုံးစွဲနိုင်စေဖို့ ‘Virtual memory’ တည်ဆောက် နိုင်ပါတယ်။
- My Computer ကို Right Click နှိပ်ပြီး properties ကို ရွေးချယ်ပါ။
- ကျလာတဲ့ box ထဲမှာ Advanced ကို ထပ်မံ ရွေပေးပါ။
- ‘Performance’ မှာရှိတဲ့ ‘Settings’ ကိုရွေးချယ်ပါ။
- Change icon ကို ကလစ်နှိပ်ပါ။
- ပြီးရင် “customize” box ကို ‘on’ ပြီးတဲ့ အခါမှာ C.D.E ရှိတဲ့ drive တစ်ခုချင်း စီကို လိုသလောက် virtual memory ထပ်မံ တိုးဖြည့်ပေးထားလို့ ရပါတယ်။ ပြီးရင် set command ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၄၀) မြန်မြန်ဆန်ဆန် Lock လုပ်နည်း

‘Ctrl + Alt + Del’ ကို တွဲဖက်နှိပ်ရင် ‘Task Manger’ ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ “Log-Off” ကို ရွေးချယ်ပြီး အမြန် Lock လုပ်နိုင်ပါတယ်။
အဲဒီထက် ကောင်းတဲ့ နည်းကတော့-
- Kkeyboard က windows Logo Key လေးကို ဖိထားပါ။ ‘L’ ကို နှိပ်ပါ။
- Shutdown icon ကို တွေ့ရမှာ ဖြစ်သလို လိုအပ်သလို ပြန်လည် ၀င်ရောက်နိုင်တဲ့ Log-on buttom ကလေးလည်း ပါဝင်ပါတယ်။

post from http://www.myanmarfamily.org

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Thursday, August 7, 2008

Virus ရန်က ကာကွယ်ရအောင်....

မိမိ Computer ကို Virus ရန်က ကာကွယ်နိုင်အောင် USB Stroage Device ကို ပိတ်ထားနိုင်ပါတယ်။ Registry ထဲမှာ ပြင်ရမှာဖြစ်လို့ အထူးဂရုစိုက်သင့်ပါတယ်။ Backup လုပ်ထားနိုင်ရင်တော့ အကောင်းဆုံးပေါ့။ Storage ကိုပဲ ပိတ်ထားနိုင်တာဖြစ်လို့ တခြား Device တွေအတွက် စိတ်ပူစရာမလိုပါဘူး။
1. Start_Run မှာ Regedit လို့ရိုက်ပြီး Registry Setting ကိုသွားပါ။
2. HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\USBSTOR ကိုရောက်အောင်သွားပါ။

3. ညာဘက်က Start (DWORD) မှာ Double Click နှိပ်ပြီး Value တန်ဖိုးကို 4 ပြောင်းပေးလိုက်ပါ။
4. Regedit ကိုပိတ်ပြီး Refresh လုပ်ပါ။
5. ဒါဆိုရင် USB Storage Device ကို Disable လုပ်ပြီးသွားပါပြီ။ Enable ပြန်လုပ်ချင်ရင်တော့ Value တန်ဖိုးကို 3 ပြန်ပြောင်းပေးလိုက်ပါ။

အဆင်ပြေပါစေ.....

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Start Menu ကို နာမည်ပြောင်းခြင်း....

1. ပထမဦးဆုံး Resource Hacker ကို ဒီမှာ download ပါ။


2. C:\windows\explorer.exe ကို တစ်နေရာရာ မှာ Backup လုပ်ထားပါ။

3. Start_Run_regedit လို့ရိုက်ပြီး "registry" တွေကို Backup လုပ်ထားပါ။

4. Download ထားတဲ့ Resource Hacker ကိုဖွင့်လိုက်ပါ။ File_Open_c:\windows\explorer ကို ဖွင့်လိုက်ပါ။

5. string Table_37_1033 ကိုသွားပါ..။ "start" ဆိုသော နေရာတွင် ပေးချင်တဲ့နာမည် ပေးလိုက်ပါ..။ ပြီးရင် "Compile Script" ကိုနှိပ်ပါ..။

6. 37 အပေါ်က 34_1033 ကိုဆက်သွားပါ။ "Click Here to begin" ဆိုသောနေရာတွင် ကြိုက်ရာဆက်ပေးပါဦး။ ကျွန်တော်တော့ "Create by MMZ" ဟု သူများကို ကြွားရန် အတွက်ရေးလိုက်ပါပြီ။ ပြီးရင် "Compile Script" ကိုဆက်နှိပ်ပါ။

7. ပြီးရင် file_Save As_"c:\windows" အောက်မှာပဲ "newexplorer.exe" လို့ သိမ်းလိုက်ပါ။

8. start_run_ "regedit" ဟု registry ကို အောက်ပါလမ်းကြောင်းအတိုင်း ဆက်သွားပါ..။

9. HKEY_LOCAL_MACHINE/Software/Microsoft/WindowNT/Current Version/WinLogon

10. "shell" ကို "double" ကစ်လစ်ပေးပြီး.. "explorer.exe" ဆိုသောနေရာတွင် "newexplorer.exe" လို့ပြောင်းရိုက်ထည့်ပေးလိုက်ပါ။

11. အားလုံး ok ပြီဆိုရင် စက်ကို Restart ပေးလိုက်ပါ။


Type the rest of your post here.

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Friday, July 25, 2008

အရေးပေါ် အသုံးဝင်မယ့် Tools များ

တစ်ခါတလေ virus ကြောင့် Task Manager ပိတ်ခံရတာ။ Regedit ပိတ်ခံရတာတွေ ကြုံဖူးမှာပါ။ အဲဒါတွေကို အလွယ်တကူ ဖြေရှင်းနိုင်မယ့် Tools လေးတွေ အများကြီးတွေထဲကမှ လက်ရှိ ကျွန်တော်သုံးနေတဲ့ Software နှစ်ကို ဖော်ပြလိုက်ပါတယ်။

တစ်ခုက i-Repairman ပါတယ်။ အသုံးဝင်လွန်းလို့ အမြဲဆောင်ထားသင့်တယ်လို့တောင် ဆိုချင်ပါ။ ရိုးရှင်းတဲ့ Interface နဲ့ဆိုတော့ သုံးပုံသုံးနည်းကို ရှင်းပြစရာလိုမယ်မထင်တော့ပါဘူး။

ဒီမှာ download

နောက်တစ်ခု RRT ပါ။ သူက i-Repairman နဲ့ ကျော်လို့မရတာတွေကို ကျော်နိုင်ပါတယ်။ တစ်ခါတလေ i-Repairman က Task Manager မဖွင့်နိုင်ပါဘူး။ အဲဒါကလည်း virus အမျိုးအစားပေါ်မူတည်ပါတယ်။ အသုံးဝင်လို့ ကျွန်တော်ကတော့ နှစ်မျိုးစလုံး ဆောင်ထားတယ်။

ဒီမှာ download

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Friday, July 11, 2008

CW Shredder အကြောင်း

CW Shredder ကိုသုံးပြီးတော့ cool web search Trojan တစ်ကောင်ကိုရှာဖွေဖေါ်ထုတ်ရှင်းနိုင် ပါတယ်....ကျနော့် စက်မှာ kaspersky Anti-virus နှင့်  Spybot sd ကိုလဲတင်ထားတယ်....ဒါပေမဲ့ Cool Web Search Trojan ကိုတော့ CW Shredder နှင့် မှမိပါတယ်ခင်ဗျား...ဒီတော့ ကို့ စက်ထဲမှာcool web search Trojan ရှိမရှိကိုCW Shredder သုံးပြီးတော့ စစ်ကြည့် သင့် ပါတယ်။

ဆော့ဝဲလ် site က 520 KB ပဲရှိပြီးတော့ Portable ဖြစ်ပါတယ်။ ဒီမှာ download နိုင်ပါတယ်။

August 2004 မှာ ထုတ်ဝေခဲ့တဲ့ PC Magazine မှာတော့ CW Shredder နဲ့ပါတ်သတ်ပြီး အောက်ပါအတိုင်းဖော်ပြထားပါတယ်

"CoolWebSearch encompasses a wide family of browser hijacker spyware programs. This spyware is frequently updated, to avoid anti-spyware software from removing it. CWShredder is widely regarded as the only solution to effectively remove CoolWebSearch spyware. "

CoolWebSearch ဆိုတဲ့ စပိုင်ဝဲဟာ Anti-spyware တွေရဲ့ရှင်းလင်းခြင်း ကိုရှောင်ရှားနိုင်ဖို့ ခဏခဏအပ်ဒိတ် လုပ်လေ့ရှိပါသတဲ့..... CWShredder ကတော့ CoolWebSearch spyware ကိုရှာဖွေရှင်းလင်းနိုင်တဲ့ တစ်ခုတည်း သောနည်းလမ်းပါပဲလို့....အသိအမှတ်ပြုထားကြပါသတဲ့....

CW Shredder ဆော့ဖ်ဝဲက CoolWebSearch Trojan အမျိုးအစားများကို ရှာဖွေရှင်းလင်းပေး နိုင်ပါတယ်။CoolWebSearch ဆိုတာကတော့ အမျိုးမျိုးသော browser hijackers များကို ခေါ်တာပါ။ IE ရဲ့ ဟာကွက်များကို အသုံးချပြီး ခိုအောင်းနေတတ်တဲ့ Trojan များဖြစ်ပါတယ်။ အင်တာနက်ကိုဖွင့်လိုက်တာနဲ့ Address bar မှာ ဘယ်လိပ်စာကိုပဲရိုက်ရိုက် အချိန်တန်လို့ရှိရင် Coolwebsearch.com ဆီကို ရောက်သွားတော့တာပါပဲ Home Page ကိုလည်း ကိုယ်ထားချင်တာထားလို့မရဘူး....... Coolwebsearch မှ Coolwebsearch ပါပဲ Coading အမျိုးအစားကိုလိုက်ပြီး Coolwebsearch မဟုတ်ပဲ အခြား Website တွေဆီကိုလည်း ပြောင်းလဲရောက်သွားစေတတ်ပါတယ်။

ဒီထရိုဂျန်များဟာ Favorite Links ထဲမှာ လင့်ခ်ပေါင်းသောင်းခြောက်ထောင်ကိုလည်း ပေါင်းထည့် ပေးပါတယ်.....ဒီထရိုဂျန်ရှိနေပြီဆိုရင် ကွန်ပျူတာက သိသိသာသာနှေးလာပါတယ်။ System file အချို့ကို သူ့စိတ်ကြိုက်ပြင်ပစ်လိုက်တော့ ကွန်ပျူတာက ခဏခဏ Crash ဖြစ်လာတတ်ပါတယ်။ နောက်ဆုံး Reboot အကြိမ်ကြိမ်ဖြစ်ပြီး.....လမ်းဆုံးတော့တာပါပဲ...ကဲ...ဘယ်လောက်ကောင်းလိုက်လဲ.....Window အသစ်စက်စက်လေးသုံးချင်တယ်ဆိုရင်တော့.....CoolWebSearch Trojan လေးကိုသာမွေးထား လိုက်ကြပါတော့....... မကြာခင်မှာ ဖောမတ်ချပြီး ၀င်းဒိုးအသစ်တင်ရမှာသေချာပါတယ်.....
post from http://www.naunggyi.blogspot.com

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Gtalk ကနေ ဖုန်း အလကား ခေါ်လို့ရပါပြီ

ဂျီတော့ကနေ နိုင်ငံ ၃၀ လောက်ကို ဖုန်း အလကား ခေါ်လို့ရပါပြီ။ အသေးစိတ်ကို ပီဒီအက်ဖ်နဲ့ ဒီမှာ ဖတ်နိုင်ပါတယ်ခင်ဗျာ။
Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။
ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54 Australia AU +61 Austria AT +43 Belgium BE +32 Canada CA +1 Chile CL +56 China CN +86 Czech Republic CZ +420 Denmark DK +45 El Salvador SV +503 Finland FI +358 France FR +33 Germany DE +49 Hong Kong HK +852 Hungary HU +36 Ireland IE +353 Israel IL +972 Italy IT +39 Latvia LV +371 Lithuania LT +370 Luxembourg LU +352 Mexico MX +52 Netherlands NL +31 Norway NO +47 Peru PE +51 Poland PL +48 Romania RO +40 Slovakia SK +421 Slovenia SI +386 Spain ES +34 Sweden SE +46 Switzerland CH +41 United Kingdom GB +44 United States US +1

အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
1) Google Talk ကိုဖွင့်ပါ။
2) ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
3) အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။
phonenumber@talkster.gtalk2voip.com
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
4) Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။
တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။
5) တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။


Make calls from your Google Talk
1) Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
2) Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
3) Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
4) တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
5) သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
6) သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
7) ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
8) တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။
no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။

Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။


အဆင်ပြေကြပါစေ...
post from www.myanmarfamily.org

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Serial Key တွေကို အလွယ်တကူ ရှာဖွေနိုင်မယ့် နည်းလေးပါ

Google ကြီးကို ပဲအားကိုးရတာပေါ့ဗျာ...
Google ကြီးထဲမှာ "Product Name" 94FBR လို့ရိုက်ထည့်ပြီးရှာရုံပါပဲ...
Product Name နေရာမျာ ကိုယ်ရှာချင်တဲ့ Software နာမည်ထည့်ပြီးရှာနိုင်ပါတယ်...

အဆင်ပြေကြပါစေ...

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Sunday, July 6, 2008

BIOS Beep Codes

ကွန်ပျူတာတစ်လုံးမှာ Hardware error ဖြစ်တဲ့အခါ အတွင်းထဲက speaker လေးကအသံပေးပါတယ်။ အဲဒီအသံလေးတွေနားထောင် ဖြစ်နိုင်အရှိဆုံးတွေကို အဖြေရှာရာမှာ အောက်ကဇယားလေးက တော်တော်လေးအသုံးဝင်တာကို တွေ့ရာပါတယ်။ Service လုပ်တဲ့သူတွေဆောင်ထားသင့်ပါတယ်။
ဒီမှာ download လိုက်နော်....


ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Saturday, July 5, 2008

Online Bookmarking

တော်တော်များများ တွေ့ဖူးတယ်။ Website ကောင်းကောင်းလေးတွေ တွေ့ရင် စာအုပ်ထဲမှာ၊ စာရွက်ထဲမှာ ရေးမှတ်တဲ့သူတွေကိုပါ။ တကယ်တမ်းတော့ အဲဒီလို မှတ်စရာမလိုပါဘူး။ စာအုပ်ထဲမှတ်တယ်ဆိုတာက သွားလေရာ အဲဒီစာအုပ်ကြီး သယ်သွားရမှာလေ။ စာရွက်ထဲမှတ်တယ်ဆို ပိုဆိုးတာပေါ့။ ပျောက်လွယ်ရှလွယ် ဖြစ်နိုင်တယ်။
အဲဒီတော့ ဘယ်လိုမှတ်ရမလဲ။ လွယ်ပါတယ်။ အင်တာနက်ထဲမှာ ကိုယ် မှတ်ချင်တဲ့ Website လိပ်စာတွေကို မှတ်ပေးတဲ့ Website တွေ ရှိပါတယ်။ အဲဒီလို Website လိပ်စာတွေမှတ်တာကို Bookmarking လို့ခေါ်ပါတယ်။ Online ပေါ်မှာပဲ မှတ်တဲ့အတွက် Online Bookmarking လို့ခေါ်ကြပါတယ်။
Browser(IE, Firefox) တွေမှာ Bookmark လုပ်ပေးနိုင်တဲ့ Function တွေပါပြီးသားပါ။ IE သုံးတာဖြစ်စေ၊ Firefox သုံးတာဖြစ်စေ Website ကောင်းကောင်းလေးတွေ့လို့ မှတ်ချင်ရင် Keyboard ကနေ Ctrl+D နှိပ်လိုက်ရုံပါပဲ။ အဲဒီအခါမှာ Box လေးတစ်ခု တက်လာပါတယ်။ IE မှာဆိုရင် Add ကိုနှိပ်လိုက်ပါ။ Firefox ဆိုရင်တော့ OK နှိပ်လိုက်ရင် ရပါပြီ။ နောက်ပိုင်းမှာ ကိုယ်မှတ်ထားတဲ့လိပ်စာတွေကို ပြန်ကြည့်ချင်ရင်တော့ Firefox မှာဆိုရင် Menu bar က Bookmarks ကို နှိပ်လိုက်ပါ။ အဲဒီအခါ ကိုယ်မှတ်ထားတဲ့ Site လိပ်စာလေးတွေ တွေ့ပါလိ့မ်မယ်။ IE ဆိုရင်တော့ menu bar က Favorites ထဲမှာရှိပါတယ်။
ဒါပေမဲ့ အဲဒီနည်းတွေက အင်တာနက်ကို အိမ်မှာသုံးတဲ့သူတွေအတွက်ပဲ အဆင်ပြေမှာပါ။ ကဖီးတွေမှာ သုံးတဲ့သူဆိုရင်တော့ ဒီနည်းတွေက Browser ထဲမှာပဲ မှတ်တာဖြစ်တဲ့အတွက် တခြားစက်တွေကိုင်ရင် ကြည့်ရမှာမဟုတ်တော့ဘူးလေ။ ဒါကြောင့် အင်တာနက်ချိတ်ထားတဲ့ ဘယ်ကွန်ပျူတာကိုပဲသုံးသုံး ကိုယ့်ရဲ့ Bookmark တွေကို access လုပ်လို့ရတဲ့ Online Bookmarking Website တွေ ခေတ်စားလာတာပေါ့။
အဲဒီလို Online Bookmark Site တွေထဲမှာ နာမည်အကြီးဆုံးကတော့ del.icio.us ပါ။ address bar မှာ del.icio.us လို့ ရိုက်ရင်ရပါပြီ။ သူကတော့ ကိုယ်ပိုင် bookmark တွေလည်း မှတ်လို့ရတယ်။ သူများမှတ်ထားတာတွေလည်း ရှာလို့ရတယ်။ Register လုပ်ဖို့တော့ လိုတာပေါ့။
Google ကြီးမှာလည်း bookmark လုပ်လို့ရပါတယ်။ address bar မှာ www.google.com/bookmarks လို့ ရိုက်ထည့်လိုက်ပါ။ Gmail username နဲ့ password ရိုက်ထည့်ပါ။ ပြီးရင် Sign in ဆိုတဲ့ button ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် Google Account ကို Sign in လုပ်ပြီးသွားပါပြီ။ Google Bookmarks ဆိုတဲ့ page လေးလည်း ကျလာပါလိမ့်မယ်။ အဲဒီ page ပေါ်မှာ Google Bookmark ဆိုတဲ့ မီးခိုးရောင် ခလုတ်လေးတစ်ခုရှိပါတယ်။ ကိုယ်မှတ်ချင်တဲ့ website ကို tab အသစ်တစ်ခုတောင်းပြီး(Ctrl+T) ဖွင့်လိုက်ပါ။ (Firefox ကိုသုံးပါ) ပြီးရင် အဲဒီ မီးခိုးရောင်ခလုတ်ကလေးကို ကိုယ်မှတ်ချင်တဲ့ Website ဖွင့်ထားတဲ့ tab ပေါ်မှာ သွားတင်လိုက်ပါ။ ဒါဆိုရင် မှတ်လို့ပြီးသွားပါပြီ။ နောက်တစ်ခါ Google Bookmark ကို ဖွင့်တိုင်း ဖွင့်တိုင်း ကိုယ်မှတ်ထားတဲ့ Website လိပ်စာလေးတွေ ပေါ်နေပါလိမ့်မယ်။

post from itmen.blogspot.com

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

" Invalid Boot.ini " Error

Computer ပွင့်တာနဲ့ "Invalil Boot.inifile.Bootingfrom C:\Windows\" ဆိုတဲ့ Error မျိုးပြ နေလား။ မပူပါနဲ့ ဒါဖတ် ပြီးရင် ကောင်းသွား ပြီလို့ မှတ်။ Start > Run ထဲမှာ msconfig လို့ရိုက်လိုက် system Configuration Utility မြင်ကွင်း ပေါ်လာရင် BOOT.INI (tab) ကိုပြောင်း လိုက်ပါ။ အဲဒီမှာ လက်ရှိ boot.ini ဖိုင် ကိုပြထား ပါတယ်။ ၄င်းဖိုင်ရဲ့ ရေးသား ထားခြင်းမှာ-

[boot loader]
timeout=30
default=multi(0)disk(0)rdisk(0)
partition(1)\WINDOWS
[operating systems]
multi(0)disk(0)rdisk(0)partition(0)
WINDOWS="Microsoft Windows XP" /fast detect

လို့တွေ့ ပါလိမ့်မယ်။ ဒါမှမဟုတ် အလားတူရေး ထားပါမယ်။ ၄င်း boot ဖိုင် ပျောက်နေသည်၊ ပျက်နေသည် ထင်ရင် ထပ်မံ တည်ဆောက် နိုင်ပါတယ်။ My Computer ကို right click လုပ်ပြီး properties ကိုရွေးချယ်ပါ။ Advanced (tab) ကိုပြောင်းပြီး Start-up and Recovery အောက်မှ Settings ကိုဖွင့်ပါ။ ၄င်းမြင်ကွင်း၏ အောက်မှ Setting ကိုဖွင့်ပါ။ System start up အောက်မှ Edit ခလုတ်ကို နှိပ်လိုက်ပါ။ Notepad မှာ ရေးထားတဲ့ boot.ini ပွင့်လာ ပါမည်။ ၄င်းကို ပြင်ရေးပြီး Save လုပ်လိုက်ပါ။ ပြင်ဆင်ပုံ သိခြင် ရင်တော့ http://www.support.microsoft.com/kb/289022 ကိုဝင် ပြီးလေ့လာ၊ ဒါမှ မဟုတ် Copy ကူပြီး past လုပ်လိုက်ပါ။ ပြီးရင်တော့ msconfig ရိုက်ထဲ့ ပြီးစစ် ကြည့်လိုက်ပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Shut Down Speed ကိုမြန်စေမယ့်နည်း

ကွန်ပျူတာ Shut Down speed ကို မြန်စေမယ်နည်းလမ်းတွေ့ထားပါတယ် Start>Run ကို နှိပ်ပါ.... Regedit ဟုရိုက်ထည့်ပြီး ၎င်းမှတစ်ဆင့်

HKEY_CURRENT_USER\Control Panel\Desktop ထဲက WaitToKillAppTimeout ကို နှစ်ချက်နှိပ်ပြီး Value ကို 1000 ဟုတ်ရိုက်ထည့်ပါ။ နောက်ပြီး HungAppTimeOut ကိုလည်း 1000 ။
HKEY_LOCAL_MACHINE\SYSTEM\controlset001\Control ထဲက WaitToKillService
Value ကို 1000 ဟုတ်ရိုက်ထည့်ပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

ဆော့ဝဲမပါဘဲ Folder ကို လော့ချမယ်

Folder လေးတစ်ခုကို မိမိနှစ်သက်အမည်နဲ့ ဆောက်လိုက်ပါ။

  1. အဲဒီ Folder ထဲမှာ TXT ဖိုင်လေးပြုလုပ်ပြီး ကုဒ်လေးတွေထည့်လိုက်ပါ။(အောက်မှာပေးထားပါတယ်

cls
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Enter password to unlock folder
set/p "pass=>"
if NOT %pass%== password here goto FAIL
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End


  1. ကော်ပီကူပြီးထည့်လိုက်တဲ့ ကုဒ်များထဲမှ ၂၃ ကြောင်းမြောက်မှာရှိတဲ့ password here ဆိုတဲ့နေရာလေးမှာ မိမိထည့်ချင်သော စကားဝှက်ကို ထည့်လိုက်ပါ..

  2. စကားဝှက်ထည့်ပြီးနောက် အဲဒီဖိုင်လေးကို Save as ကနေ locker.bat အမည်နဲ့ save လိုက်ပါ..
  3. ပြီးပါက Folder လေးထဲကို ပြန်ကြည့်လိုက်ပါ LOCKER ဆိုတဲ့ ဖိုင်လေးကို တွေ့ရပါလိမ့်မယ်...
  4. LOCKER ဆိုတဲ့ဖိုင်လေးကို ၂ချက်ကလစ်ပြီးဖွင့်လိုက်ပါ Private ဆိုတဲ့ Folder လေးကို တွေ့ရပါလိမ့်မယ်...
  5. ကဲ ကိုယ်ထည့်ချင်တဲ့ ဖိုင်များကို Private ဆိုတဲ့ Folder လေးထဲမှာ ထည့်လိုက်ပါ။ ပြီးရင် LOCKER ဆိုတဲ့ ဖိုင်လေးကို ကလစ်လိုက်ပါ Folder ကို လော့ချမှာလား၊ လော့မချဘူးလားဆိုတာတောင်းပါလိမ့်မယ်..
  6. လော့ချမယ်ဆိုရင် Y လို့ ရိုက်လိုက်ပြီး Enter နှိပ်လိုက်ပါ..

  7. သင်က လော့ချထားတဲ့ Folder ကို ပြန်ပြီး မြင်ချင်တယ်ဆိုပါက LOCKER ဆိုတဲ့ ဖိုင်လေးကို ပြန်ကလစ်ပြီး အပေါ်မှာ ပေးထားခဲ့တဲ့ စကားဝှက်ကိုထည့်လိုက်ပါ.. Folder လေးပြန်ပေါ်လာပါလိမ့်မယ်...

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Tuesday, July 1, 2008

Template ပြုပြင်ချင်လို့ပါ

ကျွန်တော် ဒီ Template ကိုသိပ်မကြိုက်လို့ ပြင်ဖို့တွက်ကြိုးစားနေပါတယ်။
Template ပြင်ပြီးရင် post တွေဆက်တင်သွားမှာပါ။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....

Monday, June 30, 2008

မိတ်ဆက်

ဘလော့ဒ်ဆိုတာကို ကျွန်တော်ဒီနေ့မှ စပြီးတော့ရေးတာပါ။
ကျွန်တော့်ရည်ရွယ်ချက်ကတော့ နည်းပညာနဲ့ပတ်သက်တဲ့ Information တွေ၊
Massage တွေ၊ ပြီးတော့ ကျွန်တော် လေ့လာထားတာလေးတွေကို မျှဝေချင်လို့ပါ။
ကျွန်တော် IT လောကထဲကို ၀င်ရောက်လာတာမကြာသေးပါဘူး။
ကျွန်တော်တင်သွားမယ့် အချက်အလက်တွေထဲမှာ အခြားအခြားသော ဘလော့ဒ်တွေထဲက အကြောင်းအရာများစွာပါဝင်နေပါတယ်။ ကျွန်တော်ကူးယူဖော်ပြတဲ့ ဘလော့ဒ်လင့်ကို မဖော်ပြမိရင် ဘလော့ဒ်ပိုင်ရှင်များ မလိမ်မိုးမလိမ်မာလေးကို ခွင့်လွှတ်ပေးကြပါလို့။

ဆက်လက်ဖတ်ရှုပါခင်ဗျာ....